четверг, 26 июня 2008 г.

ရင်ခုန်သံ ဆိုတာ...

ရင်ခုန်သံ ဆိုတာ ဘာကိုခေါ်ပါသလဲမိတ်ဆွေ....
တစ်ချို့ ကပြောကြတယ် ရင်ခုန်သံ ဆိုတာ...လူတစ်ယောက် မသေမချင်း တွေ့ကြုံနေရမယ့်အရာတဲ့...
လူအမျိုးမျိုးမှာ အယူအဆ အမျိုးမျိုးရှိနိုင်ပါတယ်...
ကျွန်တော်လဲ ခဏခဏ ရင်ခုန်ခဲ့ဖူးပါတယ်...
စာမေးပွဲအောင်လို့ ရင်ခုန်တယ်...
အင်တာဗျူးအောင်လို့ ရင်ခုန်တယ်...
စသည်ဖြင့် အမျိုးပေါ့ ....
ဒါပေမယ့် အဲ ဒါတွေက တကယ့် ရင်ခုန်သံ မဟုတ်သေးဘူးဗျ ....အဲဒါက သာမန်ရင်ခုန်ခြင်းတစ်မျိုးပါ....
ကျွန်တော် သတ်မှတ်ထားတဲ့ တစ်ကယ့် ရင်ခုန်သံ ဆိုတာက ...ကျွန်တော်တစ်ကယ်ချစ်ရတဲ့ ...ကျွန်တော့်ကိုလဲ အရမ်းချစ်တဲ့ ကောင်မလေး တစ်ယောက်နဲ့ တွေ့ဆုံ ရမယ့် အချိန်ပေါ့ ....
ကျွန်တော့် အတွက်တော့ တကယ့် ရင်ခုန်သံ ဆိုတာ ခဏ ခဏ မပေါ်တတ်သလို ...ကျွန်တော် မသေမချင်းလဲ ခဏခဏ မတွေ့ကြုံနိုင်ပါဘူး....ဒီတော့ ရင်ခုန်သံကို ကျွန်တော်တန်ဖိုးထားသလို ...တန်ဖိုးထားတဲ့သူနဲ့သာ ဆုံဆည်းခွင်ုပေးပါ ကံကြမ္မာရေ.....
ရင်ခုန်သံကို တန်ဖိုးထားတဲ့ကောင်လေး......

понедельник, 23 июня 2008 г.

သို့ .....ကောင်မလေး

တည်ငြိမ်နေတဲ့ နှလုံးသားကို
ရင်ခုန်တတ်လာအောင် သင်ပေးခဲ့တဲ့ကောင်မလေးရေ....
နူးညံ့တဲ့ ချစ်ချင်းတွေက ကိုယ့်ကိုအနိုင်ယူသွားပြန်ပြီ...
မင်းနဲ့မှ ချစ်တတ်တာပါလို့ သူများတွေလို မညာချင်ဘူး...
ဒါပေမယ့် အခုချိန်မှာ ကိုယ့်ရင်ထဲကခေါ်နေတာ
မင်းအမည်ပဲ ဆိုတာတော့ ယုံကြည်ပေးပါ...
လရောင်ကင်းသောည လေပြင်းထန်တဲ့ညတွေ
ရင်မှာကိန်းဝပ်ဆဲပါလေ.....
ကိုယ့်ရဲ့အဖြစ်က ဘာနဲ့တူလဲဆိုရင်
မနီးစပ်နိုင်တဲ့ လမင်းကိုမှ
တမ်းတနေမိတဲ့ ကလေးငယ်တစ်ယောက်ရဲ့အဖြစ်နဲ့တူနေမလားပဲ
ဘာလို့လဲ ဆိုတော့
မဖြစ်နိုင်ဘူးဆိုတာသိပေမယ့်
စိတ်ဆိုတာက တားဆီးလို့မှ မရတာလေ...
အဲဒီလိုပဲ ကိုလဲမင်းကိုသတိရနေမိတယ် ကောင်မလေးရေ...
အခုချိန်မှာ ကိုယ်တို့ဝေးနေပေမယ့်
ချစ်ခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကိုယ်ပြန်လာမဲ့ အချိန်ကို
ရင်ခုန်ခြင်းတွေနဲ့ စောင့်မျှော်နေပါ ကောင်မလေးရေ..............။

воскресенье, 22 июня 2008 г.

အနက်ရိုင်းဆုံး မြတ်နိုးမူ့

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲ ၀ါဝါ
ညှာတံပဲ ပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွလေးကောက်လို့
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်...
မောင်စိန်ဝင်း(ပုတီးကုန်း)