понедельник, 23 июня 2008 г.

သို့ .....ကောင်မလေး

တည်ငြိမ်နေတဲ့ နှလုံးသားကို
ရင်ခုန်တတ်လာအောင် သင်ပေးခဲ့တဲ့ကောင်မလေးရေ....
နူးညံ့တဲ့ ချစ်ချင်းတွေက ကိုယ့်ကိုအနိုင်ယူသွားပြန်ပြီ...
မင်းနဲ့မှ ချစ်တတ်တာပါလို့ သူများတွေလို မညာချင်ဘူး...
ဒါပေမယ့် အခုချိန်မှာ ကိုယ့်ရင်ထဲကခေါ်နေတာ
မင်းအမည်ပဲ ဆိုတာတော့ ယုံကြည်ပေးပါ...
လရောင်ကင်းသောည လေပြင်းထန်တဲ့ညတွေ
ရင်မှာကိန်းဝပ်ဆဲပါလေ.....
ကိုယ့်ရဲ့အဖြစ်က ဘာနဲ့တူလဲဆိုရင်
မနီးစပ်နိုင်တဲ့ လမင်းကိုမှ
တမ်းတနေမိတဲ့ ကလေးငယ်တစ်ယောက်ရဲ့အဖြစ်နဲ့တူနေမလားပဲ
ဘာလို့လဲ ဆိုတော့
မဖြစ်နိုင်ဘူးဆိုတာသိပေမယ့်
စိတ်ဆိုတာက တားဆီးလို့မှ မရတာလေ...
အဲဒီလိုပဲ ကိုလဲမင်းကိုသတိရနေမိတယ် ကောင်မလေးရေ...
အခုချိန်မှာ ကိုယ်တို့ဝေးနေပေမယ့်
ချစ်ခြင်းတွေ တစ်ပွေ့တစ်ပိုက်နဲ့ ကိုယ်ပြန်လာမဲ့ အချိန်ကို
ရင်ခုန်ခြင်းတွေနဲ့ စောင့်မျှော်နေပါ ကောင်မလေးရေ..............။

Комментариев нет: