အကြင်နာမဲ့တဲ့ ချစ်သူ....
စစ်မှန်တဲ့ ချစ်ခြင်းဆိုတာ လောကမှာ တစ်ကယ်မရှိဘူးတဲ့လား...
ဒါဆိုရင် မင်းကိုမေးပါရစေ...
မဖိတ်ခေါ်ပဲ ငါ့အတွေးထဲကို မင်းဘာလို့ ၀င်လာတာလဲ...
ဘာမှ လုပ်လို့ မရအောင် ငါ့စိတ်ကို မင်း ဘာကြောင့် စိုးမိုးထားတာလဲ....
ငါ့ရဲ့ အားလပ်ချိန်တွေကို ပိုင်ဆိုးထားတဲ့ ကောင်မလေးရေ..
မင်းကို တမ်းတမ်းတတ သတိရနေမိတဲ့ အချိန်မှာ ငါဘာလုပ်ရမလဲ...
ကောင်မလေး ...မင်းမယုံကြည်တဲ့ အချစ်ကို မင်းသိအောင် ကိုယ် ပြောခဲ့ပြီးပြီ...
မင်းကြိုက်သလို ဆုံးဖြတ်နိုင်ပါတယ်...
ကိုယ့်ရင်ထဲကို ၀င်ကြည့်ရင် မင်းအတွက် အဆုံးမရှိတဲ့ အချစ်တွေရှိတယ်ဆိုတာ မင်းသိနိုင်မှာပါ..
ဒါပေမယ့် ဆန္ဒ နဲ့ ဘ၀ ထပ်တူမကျနိုင်သေးတဲ့အချိန်မှာ နှလုံးသားရဲ့  ဆန္ဒကို မျက်ကွယ်ပြုထားရတာကို မင်းနားလည်နိုင်ပါစေလို့ပဲ ကိုယ်ပြောနိုင်တယ်....ပြောပြီးခဲ့ တဲ့ စကားတွေအတွက် ကိုယ် နောင်တ မရသလို နောက်ထပ်လည်း ကိုယ်ထပ်ပြောမှာ မဟုတ်တော့ဘူး....အခုတော့ ကိုယ် လဲ အသဲကွဲ သီချင်းတွေကို ဆိုပြီး ရင်ထဲက ဒဏ်ရာကို ကုစားလိုက်တော့မယ်...
ထာဝရ ပျော်ရွှင်နိုင်ပါစေ အကြင်နာမဲ့တဲ့ ချစ်သူရေ..
понедельник, 14 июля 2008 г.
воскресенье, 6 июля 2008 г.
ကောင်းကင်စိမ်း
ညီမလေးရေ...
မိမိကိုယ်ကိုသာ
ချစ်ခင်တွယ်တာတတ်ကြတဲ့
လောကရဲ့အလယ်မှာ
ကိုယ့်ကိုယ်ကို မခင်တွယ်
ရင်မှာနွယ် သံယောဇဉ်တွေနဲ့
မင်းကို ချစ်နေခဲ့ရတာ
ကိုကိုပါကွယ်။
မင်းပြောသမျှ
သဘောကို ရင်ခုန်
မျက်နှာလေး မြင်ရုံနဲ့
မျက်လုံးစုံမှိတ်
ရင်ထဲကြိတ်လွမ်း
စိတ်ကူးလေးနဲ့ နမ်းခဲ့ရတာ
ကိုကိုပါကွယ်။
ရင်မှီနွဲ့ဆိုး၊ ခိုကိုးဖက်တွယ်
လက်သွယ်နယ်ချဲ့၊ ကေသာရဲ့လိုင်း
အနမ်းမိုင်းမိ၊ နွမ်းယိခွေယိုင်
မမြင်ရ၊ မနေနိုင်တာ
ကိုကိုပါကွယ်။
မနက်လင်းတာနဲ့
သက်ပြင်းတခါကျ
ချစ်သူကို သတိရတာ
သဘာဝကျပါသလား။
ဒါ....ထာဝရပါကွယ်
တွယ်တာသမျှ၊ ယခုဘဝ
ခဏဆိုတဲ့....ကာလရှည်မှာ
ချစ်သူနဲ့ အတူနေဖို့အရေး
တွေးတောဖြစ်မိ၊ ပီတိစိတ်ကူး
သိပ်ရူးခဲ့တာ
ကိုကိုပါကွယ်။
မာယာအပြုံး
ဟန်ဆောင်အပြုံး တစ်ချက်အပင့်မှာ
ငါ့မနက်ဖြန်တွေ
လွင့်ပြေးသွားတာ...
ဘယ်သူ့ကြောင့်ပါလဲ။
ရက်စက်လိုက်တာ
လုပ်ရက်လိုက်တာ
ပက်စက်လိုက်တာ
အကြင်နာ ညီမလေးရယ်၊
ကိုကို့မျက်နှာ
တစ်ကမ္ဘာ...ဆိုလိ
သာဓုခေါ်....
ပီတိလွှမ်း...
ငါ့ကို ညာနမ်းသွားတာ
ဘာကြောင့်များလဲကွယ်။
မောင်လှမျိုး (ချင်းချောင်းခြံ)ု့
ညီမလေးရေ...
မိမိကိုယ်ကိုသာ
ချစ်ခင်တွယ်တာတတ်ကြတဲ့
လောကရဲ့အလယ်မှာ
ကိုယ့်ကိုယ်ကို မခင်တွယ်
ရင်မှာနွယ် သံယောဇဉ်တွေနဲ့
မင်းကို ချစ်နေခဲ့ရတာ
ကိုကိုပါကွယ်။
မင်းပြောသမျှ
သဘောကို ရင်ခုန်
မျက်နှာလေး မြင်ရုံနဲ့
မျက်လုံးစုံမှိတ်
ရင်ထဲကြိတ်လွမ်း
စိတ်ကူးလေးနဲ့ နမ်းခဲ့ရတာ
ကိုကိုပါကွယ်။
ရင်မှီနွဲ့ဆိုး၊ ခိုကိုးဖက်တွယ်
လက်သွယ်နယ်ချဲ့၊ ကေသာရဲ့လိုင်း
အနမ်းမိုင်းမိ၊ နွမ်းယိခွေယိုင်
မမြင်ရ၊ မနေနိုင်တာ
ကိုကိုပါကွယ်။
မနက်လင်းတာနဲ့
သက်ပြင်းတခါကျ
ချစ်သူကို သတိရတာ
သဘာဝကျပါသလား။
ဒါ....ထာဝရပါကွယ်
တွယ်တာသမျှ၊ ယခုဘဝ
ခဏဆိုတဲ့....ကာလရှည်မှာ
ချစ်သူနဲ့ အတူနေဖို့အရေး
တွေးတောဖြစ်မိ၊ ပီတိစိတ်ကူး
သိပ်ရူးခဲ့တာ
ကိုကိုပါကွယ်။
မာယာအပြုံး
ဟန်ဆောင်အပြုံး တစ်ချက်အပင့်မှာ
ငါ့မနက်ဖြန်တွေ
လွင့်ပြေးသွားတာ...
ဘယ်သူ့ကြောင့်ပါလဲ။
ရက်စက်လိုက်တာ
လုပ်ရက်လိုက်တာ
ပက်စက်လိုက်တာ
အကြင်နာ ညီမလေးရယ်၊
ကိုကို့မျက်နှာ
တစ်ကမ္ဘာ...ဆိုလိ
သာဓုခေါ်....
ပီတိလွှမ်း...
ငါ့ကို ညာနမ်းသွားတာ
ဘာကြောင့်များလဲကွယ်။
မောင်လှမျိုး (ချင်းချောင်းခြံ)ု့
Подписаться на:
Сообщения (Atom)

