воскресенье, 6 июля 2008 г.

ကောင်းကင်စိမ်း
ညီမလေးရေ...
မိမိကိုယ်ကိုသာ
ချစ်ခင်တွယ်တာတတ်ကြတဲ့
လောကရဲ့အလယ်မှာ
ကိုယ့်ကိုယ်ကို မခင်တွယ်
ရင်မှာနွယ် သံယောဇဉ်တွေနဲ့
မင်းကို ချစ်နေခဲ့ရတာ
ကိုကိုပါကွယ်။

မင်းပြောသမျှ
သဘောကို ရင်ခုန်
မျက်နှာလေး မြင်ရုံနဲ့
မျက်လုံးစုံမှိတ်
ရင်ထဲကြိတ်လွမ်း
စိတ်ကူးလေးနဲ့ နမ်းခဲ့ရတာ
ကိုကိုပါကွယ်။

ရင်မှီနွဲ့ဆိုး၊ ခိုကိုးဖက်တွယ်
လက်သွယ်နယ်ချဲ့၊ ကေသာရဲ့လိုင်း
အနမ်းမိုင်းမိ၊ နွမ်းယိခွေယိုင်
မမြင်ရ၊ မနေနိုင်တာ
ကိုကိုပါကွယ်။

မနက်လင်းတာနဲ့
သက်ပြင်းတခါကျ
ချစ်သူကို သတိရတာ
သဘာဝကျပါသလား။

ဒါ....ထာဝရပါကွယ်
တွယ်တာသမျှ၊ ယခုဘဝ
ခဏဆိုတဲ့....ကာလရှည်မှာ
ချစ်သူနဲ့ အတူနေဖို့အရေး
တွေးတောဖြစ်မိ၊ ပီတိစိတ်ကူး
သိပ်ရူးခဲ့တာ
ကိုကိုပါကွယ်။

မာယာအပြုံး
ဟန်ဆောင်အပြုံး တစ်ချက်အပင့်မှာ
ငါ့မနက်ဖြန်တွေ
လွင့်ပြေးသွားတာ...
ဘယ်သူ့ကြောင့်ပါလဲ။

ရက်စက်လိုက်တာ
လုပ်ရက်လိုက်တာ
ပက်စက်လိုက်တာ
အကြင်နာ ညီမလေးရယ်၊

ကိုကို့မျက်နှာ
တစ်ကမ္ဘာ...ဆိုလိ
သာဓုခေါ်....
ပီတိလွှမ်း...
ငါ့ကို ညာနမ်းသွားတာ
ဘာကြောင့်များလဲကွယ်။

မောင်လှမျိုး (ချင်းချောင်းခြံ)ု့















Комментариев нет: